Author Archives: Department of Disaster Management

  • ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှု ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီး ကျေးရွာ အုပ်စု၊ ရွာသစ်ကုန်းကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမဘေးရှိ ညောင်တုန်းမြို့အမှတ်(၂)ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံမှ ညောင်တုန်း-ကန်ကြီးထောင့် သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာရရှိသူများအနက်မှ (၂၆.၁၀.၂၀၂၀)ရက်နေ့တွင် ထပ်မံသေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၂၅၀၀၀၀/-)အား (၂၇.၁၀.၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် သေဆုံးသူ၏ မိသားစု လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_otr #ayy_oct2020 Source:           ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် စတင်တည်ဆောက်ခြင်း ကနဦး အလုပ်ရုံဆွေးနွေးပွဲကို အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်

    လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် စတင်တည်ဆောက်ခြင်းကနဦး အလုပ်ရုံဆွေးနွေးပွဲကို အွန်းလိုင်စနစ်ဖြင့် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးတက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၉၄) ဦးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် E-government စနစ်ကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနိုင်ရန်အတွက် တွန်းအားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် … Read more

  • Covid-19 ကူးစက်ရောဂါ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၈ – ၁၀ -၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီ အချိန်မှ (၁၈:၀၀ ) နာရီ အချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီများနှင့် ပူးပေါင်း၍ ​​ တောင်ကြီး- လွိုင်လင်(အထွက်)ဂိတ်၌ ယာဥ်လိုင်းများတွင် စီးနှင်းလိုက် ပါသောခရီးသည်များအား COVID-19 ရောဂါပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွား မှတ်တမ်းကောက်ယူခြင်း၊ Hand-Gel များဖြင့်လက်သန့်စင်စေခြင်းနှင့် အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကောင်း သတင်းရရှိပါသည်။ … Read more

  • ကမ်းပြိုဘေး ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ တောင်ရွာနောင်ကျေးရွာအုပ်စု၊ တောင်ရွာနောင်(တ) ကျေးရွာ၌ (၂၇.၁၀.၂၀၂၀)ရက်နေ့​တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ပြိုကျနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် (၁၈,၈၃၈) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၁)အိမ်ထောင်စာတို့ကို (၂၈.၁၀.၂၀၂၀)ရက်နေ့ (၁၀:၀၀)အချိန်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mdy_oct2020 Source:             ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြောင်းရွှေ့ကျေးရွာများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ချောင်းဆုံကျေးရွာအုပ်စု၊ ငါးလင်းစေ့ကျေးရွာနှင့် ပေါက်ရင်း​ကျေးရွာတို့၌ တောင်ယမားဆည်အနီးတည်ရှိသဖြင့် မြေအောက်ရေများစိမ့်ထွက်လာခြင်း၊ အမြဲစိုစွတ်နေခြင်း၊ သောက်သုံးရေများသန့်ရှင်းမှုမရှိခြင်းတို့ကြောင့် ကုန်းမြင့်သောနေရာသို့ (၃.၆.၂၀၂၀)နှင့် (၁၀.၆.၂၀၂၀)ရက်နေ့များတွင် ထပ်မံပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၆၆)လုံး၊ အိမ်ထောင်စု (၆၆)စုမှ ကျား(၁၁၉)ဦးမ(၁၁၆)ဦး၊ စုစုပေါင်း(၂၃၅)ဦး၊ ေပြာင်းရွှေ့အိမ်ခြေ(၆၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၆၆၀၀၀၀၀ိ/-)အား  (၂၆.၁၀.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၄:၀၀)နာရီတွင် မြိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာပြောင်းရွှေ့ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #mgy_oct2020 Source:             ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ဆင်မကျွန်းကျေးရွာအုပ်စု၊ ရေလည်ရွာသစ်ကျေးရွာ၊ ဆင်မကျွန်း(လ)ကျေးရွာ၊ ဆင်မကျွန်း(တ)ကျေးရွာ၊ ဆင်မကျွန်း(မ)ကျေးရွာ၊ အချင်းပြစ်(ရ)ကျေးရွာနှင့် ဥယျာဉ်စုကျေးရွာတို့တွင် (၂၆-၁၀-၂၀၂ဝ) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၄၃)လုံး၊ အိမ်ထောင်စု(၄၃)စုမှ လူဦးရေ(၁၅၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၁၅,၀၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄,၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄,၆၁၅,၀၀၀-/)ကျပ်အား (၂၇-၁၀-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_oct2020 Source:             စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် FUTURE LIGHT အဖွဲ့နှင့်အတူ (၂၇-၉-၂၀၂၀)ရက်နေ့၌ ရေဖြူမြို့နယ် ဇီးကျကျေးရွာ၊ ညင်းထွေးကျေးရွာ၊ ကျောက်ကညှာနှင့် ကျောက်ထောင့်ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Maskများ ဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_oct2020 Source:             တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ​​​အောင်ပန်း​ချောင်းကျေးရွာအုပ်စု၊​ အောင်ပန်း​ချောင်းကျေးရွာတွင်(၂၆-၇-၂၀၂၀)ရက်နေ့၊ (၁၀:၃၀)အချိန်၌ ချင်းတွင်းမြစ်​ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၄၇)လုံး၊ အိမ်ထောင်စု(၄၇)စု၊ လူဦးရေ(၂၁၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၇၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၄၄၉၄၀ဝိ/-)၊ စုစုပေါင်းကျပ်(၅၁၄၉၄၀ဝိ/-)အား(၂၇-၁၀-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ငွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်း၊ ခလရ (၂၅၆)မှ ဗိုလ်မှူး ဇော်ဇော်နိုင် ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဦးညီညီအောင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြိို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းသွားရောက်​ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • (Covid-19)ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    (၂၇-၁၀-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝမ်ကန်ရွာနှင့် စံပြရွာတို့တွင် COVID-19 ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေး အမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_oct2020     Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ရေလယ်သောင်ကျေးရွာနှင့် အထွဋ်ကျေးရွာအုပ်စု၊ ရုံးတောကျွေးရွာတွင်(၂၅-၁၀-၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ​ကြိုတင်ရွှေ့ပြောင်းအိမ်​​ခြေ (၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ်(၁၄၀၀၀၀၀ိ/-)၊ လူဦးရေ(၆၅)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံ​ငွေ ကျပ်(၁၃၆၅၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၅၃၆၅၀၀ိ/-)တို့ကို(၂၇-၁၀-၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_oct2020 Source:             ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events