ကမ်းပြိုဘေးသင့်ကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ဆင်မကျွန်းကျေးရွာအုပ်စု၊ ရေလည်ရွာသစ်ကျေးရွာ၊ ဆင်မကျွန်း(လ)ကျေးရွာ၊ ဆင်မကျွန်း(တ)ကျေးရွာ၊ ဆင်မကျွန်း(မ)ကျေးရွာ၊ အချင်းပြစ်(ရ)ကျေးရွာနှင့် ဥယျာဉ်စုကျေးရွာတို့တွင် (၂၆-၁၀-၂၀၂ဝ) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၄၃)လုံး၊ အိမ်ထောင်စု(၄၃)စုမှ လူဦးရေ(၁၅၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၁၅,၀၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄,၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄,၆၁၅,၀၀၀-/)ကျပ်အား (၂၇-၁၀-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_oct2020

Source:             စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events