လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ချောင်းဆုံကျေးရွာအုပ်စု၊ ငါးလင်းစေ့ကျေးရွာနှင့် ပေါက်ရင်းကျေးရွာတို့၌ တောင်ယမားဆည်အနီးတည်ရှိသဖြင့် မြေအောက်ရေများစိမ့်ထွက်လာခြင်း၊ အမြဲစိုစွတ်နေခြင်း၊ သောက်သုံးရေများသန့်ရှင်းမှုမရှိခြင်းတို့ကြောင့် ကုန်းမြင့်သောနေရာသို့ (၃.၆.၂၀၂၀)နှင့် (၁၀.၆.၂၀၂၀)ရက်နေ့များတွင် ထပ်မံပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၆၆)လုံး၊ အိမ်ထောင်စု (၆၆)စုမှ ကျား(၁၁၉)ဦးမ(၁၁၆)ဦး၊ စုစုပေါင်း(၂၃၅)ဦး၊ ေပြာင်းရွှေ့အိမ်ခြေ(၆၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၆၆၀၀၀၀၀ိ/-)အား (၂၆.၁၀.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၄:၀၀)နာရီတွင် မြိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာပြောင်းရွှေ့ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#mgy_oct2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)