
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီး
ကျေးရွာ အုပ်စု၊ ရွာသစ်ကုန်းကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမဘေးရှိ ညောင်တုန်းမြို့အမှတ်(၂)ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံမှ ညောင်တုန်း-ကန်ကြီးထောင့် သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့်
မီးလောင်ဒဏ်ရာရရှိသူများအနက်မှ (၂၆.၁၀.၂၀၂၀)ရက်နေ့တွင် ထပ်မံသေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၂၅၀၀၀၀/-)အား (၂၇.၁၀.၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် သေဆုံးသူ၏ မိသားစု လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#ayy_oct2020
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)