Author Archives: Department of Disaster Management
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင် သောအဖွဲ့ အာဆီယံဒေသတွင်းသဘာဝဘေးပြန်လည်ထူထောင်ရေးဖိုရမ် (ASEAN Recovery Forum) သို့တက်ရောက်မှုသတင်း
၁။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ (၂၇)ရက်နေ့ထိ ကျင်းပပြုလုပ်သော အာဆီယံဒေသတွင်းသဘာဝဘေးပြန်လည်ထူထောင်ရေးဖိုရမ် (ASEAN Recovery Forum) သို့တက်ရောက်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေစဉ်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ်တွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုအာကောင်းနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းသိရှိရပါ သည်။ ၂။ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ပူးတွဲဥက္ကဌ အနေဖြင့် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံဒေသ … Read more
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၄-၇-၂၀၁၇)နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပို့ချခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၄၀၀)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးဒုက္ခခံစားကြရသည့် စစ်ကိုင်းမြို့ပေါ် ရပ်ကွက် (၄) ခုနှင့် ကျေးရွာ (၄) ရွာတို့မှ အိမ်ထောင်စု (၁၈၂) စု၊ လူဦးရေ (၈၁၀) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး(ကျားလုံချည်၊ မလုံချည်၊ တီရှပ်အင်ကျီ၊ ပုဝါ၊ ဆပ်ပြာတောင့်) (၁၈၂) စုံ၊ ဆန်ရိက္ခာတန်ဖိုးငွေ (၁,၇၀၁,၀၀၀) (၇-ရက်စာ) နှင့် (၁) လီတာ ရေသန့်ဘူး … Read more
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ(ဆင့်ပွား)သင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် လူသရမ်ဝေါလ်ဖက်ဒရေးရှင်း-မြန်မာ(LWF)တို့ပူးပေါင်းလျက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ(ဆင့်ပွား) သင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှ ိကျေးရွာ (၁၂)ရွာမှ တစ်ရွာလျှင် (၂)ဦးနှုန်းဖြင့် စုစုပေါင်း သင်တန်းသား/သူ (၂၄)ဦး အား (၁၃.၇.၂၀၁၇)ရက်နေ့မှ(၁၄.၇.၂၀၁၇)နေ့အထိ (၂)ရက် ကြာ သင်တန်းဖွင့်လှစ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ လည်းဖြန့်ဝေပေးခဲ့ပါသည်။ ၄င်းနောက်ပြည်နယ်ဦးစီးမှူးမှ မီးဘေး/ ရေဘေး/ မုန်တိုင်းဘေး/ ငလျင်ဘေးများနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ဗီနိုင်းပိုစတာများကို ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ လူငယ်စေတနာ့၀န်ထမ်းများအတွက် ရပ်ရွာအတွင်း ကြိုတင်သတိပေးချက်ဖြန့်ဝေခြင်းနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ဆောင် ချက်များ သဏ္ဍာန်တူလေ့ကျင့်ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးရှိတာဝန်ရှိသူများနှင့် UN Volunteer တို့ပူးပေါင်း၍ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့၀န်ထမ်း လူငယ်ကွန်ယက်စီမံချက်မှ ရွေးချယ်ခန့်အပ်ထားသော ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့၀န်ထမ်းလူငယ်များအတွက် “ရပ်ရွာအတွင်း ကြိုတင်သတိပေးချက်ဖြန့်ဝေခြင်းနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ဆောင်ချက်များ သဏ္ဍာန်တူလေ့ကျင့်မှုသင်တန်း” အား ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၉)ရပ်ကွက်၌ကျင်းပပြုလုပ်ခဲ့ပြီး (၁၄-၇-၂၀၁၇)ရက်နေ့တွင် စေတနာ့၀န်ထမ်းလူငယ်များ၊ ရပ်ကွက်သဘာ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၀င်များ၊ အမှတ်(၉)ရပ်ကွက်မှ ရပ်ကွက်သူ/ရပ်ကွက်သားများ စုစုပေါင်း အင်အား (၁၅၀)ဦး ဖြင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာ၀န်များရှင်းလင်းပြောကြားခြင်း၊ ကြိုတင်သတိပေးစနစ်ဖြန့်ဝေခြင်း၊ ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် ရေဘေးသဏ္ဍာန်တူလေ့ကျင့်ခန်းအား ဆောင်ရွက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း … Read more
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးရှိတာဝန်ရှိသူများသည် (၁၃-၇-၂၀၁၇)နေ့ ဒီးမော့ဆိုမြို့နယ်၊ အထက(ဒေါငံခါး)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပို့ချခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၃၈၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြေပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊နေပြည်တော်မှတာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ပတ်တာ အ.ထ.က ခွဲ ကျောင်းသို့သွားရောက်၍ ကျောင်းသား/သူ (၃၅၀) ဦးတို့အား သဘာဝဘေးလျော့ပါးရေး ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခဲ့ကြောင်း၊ မိုးကြိုးဘေး၊ မီးဘေး၊ ငလျင်ဘေးတို့ကြုံတွေ့ရပါကမည်သို့ တုံ့ပြန်ရမည်များကို သရုပ်ပြရှင်းလင်း၍ လက်တွေ့လုပ်ဆောင်သရုပ်ပြခဲ့ရာ ကျောင်းသား/သူများစိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြပြီး ဗလာစာအုပ်၊ ဘောလ်ပင်၊ လက်ကမ်းစာစောင်၊ ဗွီနိုင်းပိုစတာများဖြန့်ဝေခဲ့ကြကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ မြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ပြည်သူများထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာ၌ မြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စု (၁) စု၊ လူဦးရေ(၄) ဦးအတွက် အိမ်ထောင်စု (၁) စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)နှင့် ဆန်ရိက္ခာဖိုးတန်ဖိုး (၄,၂၀၀)၊ စုစုပါင်းတန်ဖိုးငွေကျပ် (၁၀၄,၂၀၀) တို့အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မီးလောင်ကျွန်းကျေးရွာအုပ်စု၊ပေါက်တောကျေးရွာ၌ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၄)လုံး၊အိမ်ထာင်စု(၄)စု၊ လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေ (၃၉,၉၀၀)၊ အိမ်ထောင်စု (၄)စာ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၄၀၀,၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၄၃၉,၉၀၀)အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ဆင်ခြေယာအုပ်စု၊ ဇရပ်နီကျေးရွာ၌ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၁)လုံး၊အိမ်ထောင်စု(၁၁)စု၊ လူဦးရေ (၄၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေ (၁၀၂,၉၀၀)၊အိမ်ထောင်စု (၁၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁,၁၀၀,၀၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၁,၂၀၂,၉၀၀)အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
