ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ဆင်ခြေယာအုပ်စု၊ ဇရပ်နီကျေးရွာ၌ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၁)လုံး၊အိမ်ထောင်စု(၁၁)စု၊ လူဦးရေ (၄၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေ (၁၀၂,၉၀၀)၊အိမ်ထောင်စု (၁၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁,၁၀၀,၀၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၁,၂၀၂,၉၀၀)အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။