၁။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ (၂၇)ရက်နေ့ထိ ကျင်းပပြုလုပ်သော အာဆီယံဒေသတွင်းသဘာဝဘေးပြန်လည်ထူထောင်ရေးဖိုရမ် (ASEAN Recovery Forum) သို့တက်ရောက်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေစဉ်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ်တွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုအာကောင်းနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းသိရှိရပါ သည်။
၂။ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ပူးတွဲဥက္ကဌ အနေဖြင့် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံဒေသ တွင်း အဆင့်တွင် ပြန်လည်ထူထောင်ရေးကဏ္ဍအတွက် မြန်မာနိုင်ငံမှ ဦးဆောင် ဦးရွက်ပြုနေသည့် လုပ်ငန်းများ၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများ၊ သင်ခန်းစာများ နှင့် အလေ့အထ ကောင်းများ၊ နိုင်ငံတော်အဆင့်နှင့် ဒေသတွင်းအဆင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ မူဝါဒများ၊ ဖွဲ့စည်းဆောင်ရွက်မှုများနှင့် အကောင်အထည်ဖော်မှုများကို ဆွေးနွေးပြောကြာ ခဲ့ပါသည်။
၃။ ထို့အပြင် ပြန်လည်ထူထောင်ရေးအပိုင်းတွင် ကြိုတင်ပြင်ဆင်ရေးသည် အရေးပေါ်တုံ့ပြန်ရေး အတွက် ကြိုတင်ပြင်ဆင်ခြင်းကဲ့သို့ပင် လွန်စွာအရေးကြီးကြောင်းနှင့် အဆိုပါကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သည့် ပျက်စီးဆုံးရှုံးမှုဆန်းစစ်ခြင်း၊ ပြန်လည်ထူထောင်ရေးစီမံချက်ရေးဆွဲခြင်း၊ ရန်ပုံငွေသတ်မှတ်မှုအပိုင်း၊ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်မှု၊ အကောင်အထည်ဖော်မှုအခြေအနေ အကဲဖြတ်ခြင်းတို့အတွက် ကြိုတင်ပြင်ဆင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၄။ အဆိုပါ အစည်းအဝေးသို့ ကနေဒါနိုင်ငံအစိုးရ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အာဆီယံအတွင်းရေး မှူးချုပ်ရုံး AHA Center၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စာလှယ် စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ပြီးဖိုရမ်ကို နှစ်ရက်ကြာကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရှိရ ပါသည်။