ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးဒုက္ခခံစားကြရသည့် စစ်ကိုင်းမြို့ပေါ် ရပ်ကွက် (၄) ခုနှင့် ကျေးရွာ (၄) ရွာတို့မှ အိမ်ထောင်စု (၁၈၂) စု၊ လူဦးရေ (၈၁၀) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး(ကျားလုံချည်၊ မလုံချည်၊ တီရှပ်အင်ကျီ၊ ပုဝါ၊ ဆပ်ပြာတောင့်) (၁၈၂) စုံ၊ ဆန်ရိက္ခာတန်ဖိုးငွေ (၁,၇၀၁,၀၀၀) (၇-ရက်စာ) နှင့် (၁) လီတာ ရေသန့်ဘူး (၃၆၀) ဘူးတို့အား (၁၅-၇-၂၀၁၇) ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။