Author Archives: Department of Disaster Management
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည်(၃၀-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၁: ဝဝ) နာရီမှ (၁၂:၃၀) နာရီအချိန်ထိ သိန္နီမြို့၊ ရပ်ကွက်(၁)၊ အုပ်ချုပ်ရေးမှူးရုံး၌ လူဦးရေ (၆၀) ခန့်အားလည်ကောင်း၊ နေ့လည် (၁၃:ဝဝ) နာရီမှ(၁၄:၃၀) နာရီအချိန်ထိ သိန္နီမြို့၊ ရပ်ကွက်(၃)၊ အုပ်ချုပ်ရေးမှူးရုံး၌ လူဦးရေ(၇၀) ခန့်အားလည်ကောင်း မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး သဘာဝဘေးနှင့်စပ်လျဉ်း၍ မိမိဦးစီးဌာန၏ တိုးမြင့်ထောက်ပံ့သောနှုန်းထားအသစ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တကွပြည်သူများသို့ မျှဝေပေးခဲ့ပါကြောင်း … Read more
-
အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင်၏ မိတ်ဆွေများ၊ စေတနာ့အလှူရှင်များ၏ ခရီးစဉ်တွင်လိုက်ပါဆောင်ရွက်မှုသတင်း
(၃၀-၉-၂၀၁၇) ရက်နေ့တွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအာင်၏ခရီးစဉ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာမှ တာဝန်ရှိသူ များသည် လည်းလိုက်ပါဆောင်ရွက်ခဲ့ပါသည်။ ခရီးစဉ်တွင် မောင်တောအကြမ်းဖက်ဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ဓမ္မရာမကျောင်းတိုက်၊ အဓိဌာန်ကျောင်းတိုက်၊ ဟိန္ဒူ ဘုရားကျောင်း၊ မာရာမာကြီးကျောင်းသစ်(ကျောင်းတက်လမ်း)နှင့် ဓညဝတီ အားစားကွင်း စခန်းများသို့ ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများကလည်းစခန်းတွင်းရှိ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ စားသောက်နေထိုင်မှုတို့စပ်လျဉ်းပြီး မေးမြန်းဆွေးနွေးအားပေးစကားပြောကြားခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
အကြမ်းဖက်ဖြစ်စဉ်များကြောင့် စစ်တွေမြို့ပေါ်ရှိ ရတနာ့ဗိမ္မာန် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခိုလှုံလျက်ရှိသော ပြည်သူများအား သွားရောက်ကြည့်ရှုမှုသတင်း
(၂၉-၉-၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးဆောင်သော အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် စစ်တွေမြို့ပါ်ရှိ ရတနာ့ဗိမ္မာန် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခိုလှုံလျက်ရှိသော တိုင်းရင်းသားပြည်သူမျာအား ကယ်ဆယ်ရေးစခန်းအတွင်းရောက်ရှိနေ ခိုက် တိမ်းရှောင်ပြည်သူ များလတ်တလောနေထိုင်မှုနှင့် စားဝတ်နေရေး တို့ကိုသွားရောက်ကြည့်ရှုပြီး ပြည်သူများကို အားပေး နှစ်သိမ့် ဆွေးနွေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
-
မအူပင်မြို့နယ်အတွင်း ကမ်းပြိုဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများ လွှဲပြောင်း ထောက်ပံ့ပေးအပ်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ မရမ်းစုကျေးရွာနှင့် ဗားမနီကျေးရွာ၌ (၂၅-၉-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွေ့ နေအိမ်(၆)လုံး၊ အိမ်ထောင်စု (၆) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၆၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃၁) ဦးစာအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ(၆၅,၁၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၆၆၅,၁၀၀) ကျပ်အား (၂၉-၉-၂၀၁၇) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ထွေ/အုပ်ဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ကော့သောင်းမြို့နယ်၊ ချန်းဖန်းကျေးရွာအုပ်စု၊ ဖရိုနိမ်းကျေးရွာရှိ လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ ပေးအပ်မှုသတင်း
(၁၆ -၉ -၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကော့သောင်းမြို ့နယ်၊ ချန်းဖန်းကျေးရွာအုပ်စု၊ ဖရိုနိမ်းကျေးရွာ လေပြင်းဘေးတွင် နေအိမ် (၁) လုံးအမိုးလန်ခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀၀) ကျပ်ကို ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများက ( ၂၉- ၉ -၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံပေး ခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးအား ကမ္ဘာ့ဘဏ်၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူ Ms. Victoria Kwakwa ကလာရောက် တွေ့ဆုံမှုသတင်း
၂၉-၉-၂၀၁၇၊ နေပြည်တော် ကမ္ဘာ့ဘဏ်၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူ Ms. Victoria Kwakwa ဦးဆောင်သောအဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းမှ မွေးဖွားသော ကလေး (၂) နှစ်အရွယ်ထိ အာဟာရ ဖြည့်တင်းရေးအစီအစဉ်များတွင် ကမ္ဘာ့ဘဏ်ကပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြုမှုအခြေအနေများ၊ ကမ္ဘာ့ဘဏ်က လွန်ခဲ့သည့် … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာနှင့် အောက်ဒေါင့်ကြီးကျေးရွာ၌ (၂၂-၉-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၄၆) လုံး၊ အိမ်ထောင်စု (၄၆) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၆,၀၀,၀၀၀ိ/-) ကျပ် လူဦးရေ (၂၀၂) ဦးစာအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၄,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀,၂၄,၂၀၀ိ/-)ကျပ်တို့အား (၂၈-၉-၂၀၁၇) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် (၂၉-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၁းဝဝ) နာရီမှ နေ့လည် (၁၂း၃၀) နာရီအချိန်ထိ သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာ၊ လားဟူနှစ်ခြင်းခရစ်ယာန်ကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ရာ လူဦးရေ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူမျာအား သဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်မော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၈-၉-၂၀၁၇) ရက်နေ့တွင် မိုးမောက်မြို့၊ မံပုံကက်သလစ် IDP စခန်း၌ သဘာဝ ဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ် အသိပညာပေးလက် ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၉-၂၀၁၇) ရက်နေ့တွင် မအူပင်မြို့နယ်၊ အလန်းကျေးရွာအုပ်စု၊ အလန်းကျေးရွာ၌ ပြည်သုလူထု (၁၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် မိုးကြိုးဘေး ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
