အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင်၏ မိတ်ဆွေများ၊ စေတနာ့အလှူရှင်များ၏ ခရီးစဉ်တွင်လိုက်ပါဆောင်ရွက်မှုသတင်း

rk22 rk33 rk44 rk55 rk66 rk77

 

(၃၀-၉-၂၀၁၇) ရက်နေ့တွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအာင်၏ခရီးစဉ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာမှ တာဝန်ရှိသူ များသည် လည်းလိုက်ပါဆောင်ရွက်ခဲ့ပါသည်။ ခရီးစဉ်တွင် မောင်တောအကြမ်းဖက်ဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ဓမ္မရာမကျောင်းတိုက်၊ အဓိဌာန်ကျောင်းတိုက်၊ ဟိန္ဒူ ဘုရားကျောင်း၊ မာရာမာကြီးကျောင်းသစ်(ကျောင်းတက်လမ်း)နှင့် ဓညဝတီ အားစားကွင်း စခန်းများသို့ ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများကလည်းစခန်းတွင်းရှိ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ စားသောက်နေထိုင်မှုတို့စပ်လျဉ်းပြီး မေးမြန်းဆွေးနွေးအားပေးစကားပြောကြားခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events