ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် (၂၉-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၁းဝဝ) နာရီမှ နေ့လည် (၁၂း၃၀) နာရီအချိန်ထိ သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာ၊ လားဟူနှစ်ခြင်းခရစ်ယာန်ကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ရာ လူဦးရေ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူမျာအား သဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)