မအူပင်မြို့နယ်အတွင်း ကမ်းပြိုဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများ လွှဲပြောင်း ထောက်ပံ့ပေးအပ်မှုသတင်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ မရမ်းစုကျေးရွာနှင့် ဗားမနီကျေးရွာ၌ (၂၅-၉-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွေ့ နေအိမ်(၆)လုံး၊ အိမ်ထောင်စု (၆) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၆၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃၁) ဦးစာအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ(၆၅,၁၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၆၆၅,၁၀၀) ကျပ်အား (၂၉-၉-၂၀၁၇) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ထွေ/အုပ်ဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events