သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်မှုသတင်း

ls22

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည်(၃၀-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၁: ဝဝ) နာရီမှ (၁၂:၃၀) နာရီအချိန်ထိ သိန္နီမြို့၊ ရပ်ကွက်(၁)၊ အုပ်ချုပ်ရေးမှူးရုံး၌ လူဦးရေ (၆၀) ခန့်အားလည်ကောင်း၊  နေ့လည် (၁၃:ဝဝ) နာရီမှ(၁၄:၃၀) နာရီအချိန်ထိ သိန္နီမြို့၊ ရပ်ကွက်(၃)၊ အုပ်ချုပ်ရေးမှူးရုံး၌ လူဦးရေ(၇၀) ခန့်အားလည်ကောင်း မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး သဘာဝဘေးနှင့်စပ်လျဉ်း၍ မိမိဦးစီးဌာန၏ တိုးမြင့်ထောက်ပံ့သောနှုန်းထားအသစ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တကွပြည်သူများသို့ မျှဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events