ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

29 pic 03ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာနှင့် အောက်ဒေါင့်ကြီးကျေးရွာ၌ (၂၂-၉-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၄၆) လုံး၊ အိမ်ထောင်စု (၄၆) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၆,၀၀,၀၀၀ိ/-) ကျပ် လူဦးရေ (၂၀၂) ဦးစာအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၄,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀,၂၄,၂၀၀ိ/-)ကျပ်တို့အား (၂၈-၉-၂၀၁၇) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events