Author Archives: Department of Disaster Management
-
သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုညှိနှိုင်းရေးအဖွဲ့ခွဲ၏ ဒုတိယအကြိမ် အစည်း အဝေးကျင်းပပြုလုပ်ခြင်း
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုညှိနှိုင်းရေးအဖွဲ့ခွဲ၏ ဒုတိယအကြိမ်အစည်း အဝေးကို (၇-၁၁-၂၀၁၇) ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် “သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုညှိနှိုင်းရေးကဏ္ဍခွဲ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ(၁၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း၊ အဆိုပါအစည်းအဝေးတွင် Disaster Management Sub – Sectoral Coordination Group … Read more
-
ဘားအံမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၁-၁၁-၂၀၁၇)ရက်နေ့ (၂၂း၃၀) အချိန်၌ ဘားအံမြို့နယ် ဘားအံ-လှိုင်းဘွဲလမ်းဘေး အကျဉ်းဦးစီးဌာနအတွင်းရှိ ၀န်ထမ်းအိမ်ရာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၀န်ထမ်းအိမ်ရာ (၆) ခန်းတွဲ (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၆) စု၊ လူဦးရေ (၂၄) ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ (၂-၁၁-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး၊အိမ်ထောင်စု (၆) စုစာနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၅၀၄၀၀) ကျပ်တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
UEHRD ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ UNHCR ၊ WFP နှင့် United States Institute of Peace အဖွဲ့ တို့မှ သီးခြားစီ လာရောက်တွေ့ဆုံမှု သတင်း
၁.၁၁.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး အား ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E Ms. Ulla Toernaes ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ (၃၁.၁၀.၂၀၁၇) ရက်နေ့ ညနေပိုင်းတွင် အဆိုပါ၀န်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် UEHRD စီမံကိန်း စတင်ဆောင်ရွက်နေမှုနှင့် ဒုက္ခသည်များ ပြန်လည် လက်ခံရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အသိပညာရရှိစေရန် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့်ပူးပေါင်း၍ မိမိဆန္ဒ အလျောက် နေရပ်ပြန်ခြင်း ဆိုင်ရာ … Read more
-
UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း
၁.၁၁.၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ပြန်လည်နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် (၃၁-၁၀-၂၀၁၇) ရက်နေ့တွင် Community and Family Services International (CFSI) အဖွဲ့က အမေရိကန် ဒေါ်လာ (၁) သောင်းနှင့်ညီမျှသော မြန်မာငွေကျပ် (၁၃၄၉၅၀၀၀) ကို လည်းကောင်း၊ (၁-၁၁-၂၀၁၇) ရက်နေ့တွင် ဒေါ်တင်မိုးလွင်က ငွေကျပ်သိန်း(၁၀၀)၊ ပဲခူး သာသနာနယ်က ငွေကျပ်(၁၀)သိန်း၊ သုဝဏ္ဏ ရန်ကုန်သစ် အသင်းတော်ကငွေကျပ် (၁၀)သိန်း၊ မြန်မာနိုင်ငံနှစ်ခြင်း … Read more
-
ချောင်းဆုံမြို့နယ် မရမ်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၃၁-၁၀-၂၀၁၇) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ မရမ်းကျေးရွာ၌ မီးလောင်မှုကြောင့်ပျက်စီးခဲ့သည့် နေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ family kit (၁) ထုတ်၊ ပလပ်စတစ်ရေပုံး (၂) ပုံး၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်း၊ ဘေးသင့်လူဦးရေ ( ၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၆၃၀၀) ကျပ်၊ စုစုပေါင်း (၁၀၆၃၀၀) ကျပ်တို့ကို ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ (၁-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခြင်းအားပူးပေါင်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁၀-၂၀၁၇) ရက်နေ့ (၀၈:၀၀) အချိန်တွင် သထုံမြို့၊ သုဝဏ္ဏစျေးကြီး၌ သထုံခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌများမှဦးဆောင်၍ သထုံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြန်ကြား ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စျေးသာယာရေးအဖွဲ့၊ စျေးသီးသန့်မီးသတ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးငြိမ်းသတ်ယာဉ် (၄) စီးဖြင့် သင့် (၄) သင့် ဖြစ်စေရေးမီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအားပူးပေါင်းဆောင်ရွက်ခဲ့ပြီး သထုံမြို့ပေါ်ရှိ စျေးများတွင် မီးဘေးရှောင်ရန်/ဆောင်ရန်ပိုစတာများထားရှိနိုင်ရန် ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံမြို့၊ တယ်ပင်ဆိပ်အုပ်စု၊ ဖိုးဦးစံကျေးရွာတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း ကျင်းပပြုလုပ်မှုသတင်း
ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် ဖျာပုံမြို့၊ တယ်ပင်ဆိပ်အုပ်စု၊ ဖိုးဦးစံကျေးရွာတွင် Freda နှင့် ပူးပေါင်း၍ Freda မှတည်ဆောက်ထားသည့် school cum shelter ၌ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကို (၂၇-၁၀-၁၇) ရက်နေ့မှ (၂၉-၁၀-၁၇) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ကျေးရွာ (၅) ရွာမှ သင်တန်းသား (၂၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းနောက်ဆုံးနေ့တွင် ရပ်ရွာမြေပုံရေးဆွဲခြင်း၊ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခြင်း၊ လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာ များဖြန့်ဝေခြင်းများပြုလုပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
UEHRD လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ရန်အတွက် ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ကွင်းဆင်းကြည့်ရှုမှု သတင်း
၂၈.၁၀.၂၀၁၇၊ ရခိုင် ရခို်င်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ ရှေ့ပြေးလုပ်ငန်းများကို ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်တို့ ပါဝင်သောအဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာရှိ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင် များ လတ်တလောအသုံးပြုရန်အတွက် အာဆီယံ … Read more
-
UEHRD စီမံကိန်းတွင် လူငယ်များလည်း ပူးပေါင်းပါဝင်လျက်ရှိပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် သင်တန်းများ ဖွင့်လှစ်ပို့ချရန် စီစဉ်လျက်ရှိမှုသတင်း
၂၈.၁၀.၂၀၁၇၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်း ဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဘိုးဘွားများအား နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ပြီး သင်တန်းဆင်းပွဲအမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုအခါ နိုင်ငံအတွင်း မှုခင်းများပေါ်ပေါက်ခြင်း၊ ပဋိပက္ခများ ဖြစ်ပွားခြင်းများရှိရာ ၄င်းတို့၏ အခြေခံအကြောင်းများတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် တရားမဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားခြင်းသည် အကြောင်းရင်းတစ်ရပ် ဖြစ်ပါကြောင်း၊ … Read more
-
မြိတ်မြို့နယ်အတွင်း သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောမှုသတင်း
(၂၆-၁၀-၂၀၁၇) ရက်နေ့ နံနက် (၁၀) နာရီချိန်တွင်နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ မြိတ်ခရိုင် မြိတ်မြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးသင်တန်းကျောင်း၌ဖွင့်လှစ်သည့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၄၇)နှင့် အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၇၆) ဖွင့်ပွဲအခမ်းအနားတွင် သဘာဝဘေးအသိပညာပေး ရှောင်ရန်/ဆောင်ရန်များအား မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
