မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခြင်းအားပူးပေါင်းဆောင်ရွက်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁၀-၂၀၁၇) ရက်နေ့ (၀၈:၀၀) အချိန်တွင် သထုံမြို့၊ သုဝဏ္ဏစျေးကြီး၌ သထုံခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌများမှဦးဆောင်၍ သထုံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြန်ကြား ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စျေးသာယာရေးအဖွဲ့၊ စျေးသီးသန့်မီးသတ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးငြိမ်းသတ်ယာဉ် (၄) စီးဖြင့် သင့် (၄) သင့် ဖြစ်စေရေးမီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအားပူးပေါင်းဆောင်ရွက်ခဲ့ပြီး သထုံမြို့ပေါ်ရှိ စျေးများတွင် မီးဘေးရှောင်ရန်/ဆောင်ရန်ပိုစတာများထားရှိနိုင်ရန် ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events