Author Archives: Department of Disaster Management

  • ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၇)ရက်နေ့က ကပ်သပြေကျေးရွာအုပ်စု၊ ကပ်သပြေကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်း၊ ဘေး(၈)မျိုးနှင့် ပတ်သက်၍ အထွေထွေဗဟုသုတများ ရှောင်ရန်/ဆောင်ရန်များဟောပြောခြင်းနှင့် မိုးကြိုးဘေးနှင့်ပတ်သက်သည့် ဗီနိုင်းကပ်ခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ရပ်ရွာနေပြည်သူ (၁၁၈) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများသည်‌ (၁၃-၁၂-၂၀၁၇)ရက်နေ့က ဖျာပုံခရိုင်‌၊ ဘိုက‌လေးမြို့နယ်‌၊ စက်‌ဆန်း‌ကျေးရွာတွင်‌ ‌မီးလောင်‌မှုဖြစ်‌ပွားခဲ့ရာ မီး‌ဘေးသင့်အိမ်‌‌ခြေ (၅)အိမ်၊ တစ်‌ဝက်‌ပျက်‌အိမ်‌ (၁)လုံးတို့မှ အိမ်‌‌ထောင်‌စု (၆)စုရှိ လူဦးရေ (၂၃)ဦးတို့အတွက်‌ family kid (၆)ပုံး၊ ဆန်‌ဖိုး‌ငွေကျပ် (‌၄၈,၃၀၀)‌နှင့် အိမ်ဆောက်‌ပစ္စည်းတန်ဖိုး‌ငွေကျပ် (၉) သိန်း‌တို့အား(၁၃-၁၂-၂၀၁၇)ရက်နေ့တွင်ပင် သွားရောက်ထောက်ပံ့ခဲ့ရာ ဖြစ်ပွားရာနေရာသို့ ဘိုက‌လေးမြို့နယ်‌သဘာဝ‌ဘေး‌လျော့ပါး‌ရေး‌စေတနာ့ဝန်‌ထမ်းလူငယ်‌များမှလည်း တစ်‌တပ်‌တစ်‌အားဝိုင်းဝန်းကူညီ‌ဆောင်‌ရွက်‌‌ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ပုလောမြို့နယ် မီးသတ်ဦးစီးဌာနခန်းမတွင် (၁၃-၁၂-၂၀၁၇) ရက်နေ့ မှ(၁၅.၁၂.၂၀၁၇) ရက်နေ့အထိ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၆/၂၀၁၇)ကို စေတနာ့ဝန်ထမ်းလူငယ်သင်တန်းသား/သူ(၃၀)ဦး၊  ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်း (၂၀)ဦး၊ စုစုပေါင်းသင်တန်းသား (၅၀)ဦး ဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇)ရက်တွင် ပေါက်တောမြို့နယ်၊ ကြိမ်နီပြင်စခန်း၌ မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု(၆၀)စုမှ လူဦးရေ(၃၂၆)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ ဆန်ရိက္ခာ(၁)လစာ (၁၀၁)အိတ်နှင့် (၂၁)ပြည်တို့အား (၁၃-၁၂-၂၀၁၇)ရက်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးပို့ချမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၇)ရက်နေ့တွင် ‌ဖျာပုံခရိုင်‌‌၊ ကျိုက်‌လတ်‌မြို့ အ.ထ.က (၁)‌ကျောင်းတွင်‌ သဘာဝ‌ဘေးအန္တရာယ် အသိပညာ‌ပေး‌ဟော‌ပြောခြင်း၊ သဘာဝဘေးဆိုင်ရာ ဗွီဒီယိုများပြသခြင်း၊ လက်တွေ့လေ့ကျင့်ခြင်း၊ လက်‌ကမ်းစာ‌စောင်‌နှင့် ဗွီနိုင်းပိုစတာများဖြန့်ဝေခြင်းများပြုလုပ်‌ခဲ့ရာ ကျောင်းသား‌/ကျောင်းသူ စုစုပေါင်း (၅၃၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းဖွင့်လှစ်ေနမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Unicef (Myanmar) တို့ ပူးပေါင်းဖွင့်လှစ်သည့် သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအား (၁၀-၁၂-၂၀၁၇)ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းဆိုရှယ်စင်တာ၌ ကျင်းပခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန(ရုံးချုပ်)မှ ဒေါ်နီလာထွန်း(ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားပြီး Unicef (Myanmar)မှ ထောက်ပံ့ရေးအရာရှိ ဦးမျိုးတင့်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ဧရာ၀တီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့မှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများ၊ Unicef (Myanmar)မှ တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သင်တန်းသား(၁၁)ဦး၊ ကျန်းမာရေးဦးစီးဌာနမှ သင်တန်းသား(၉)ဦး၊ ပညာရေးဦးစီးဌာနမှ … Read more

  • မသန်စွမ်းသူများအခွင့်အရေးအပြည့်အဝဖော်ဆောင်ရေး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဆွေးနွေး

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဌဦးအောင်ကိုမြင့်နှင့် အဖွဲ့အား သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ ယနေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံရာ မသန်စွမ်း သူများ၏ အခွင့်အရေးအပြည့်အဝဖော်ဆောင်ရး ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအားဖွဲ့စည်းပြီးဖြစ်၍ ပထမအကြိမ် အစည်းအဝေးကို ကျင်းပရန် ကြိုတင်ပြင်ဆင်ရေး၊ အမျိုးသားကော်မတီက နည်းဗျူဟာချမှတ်ဆောင်ရွက်ရေး၊ ရန်ပုံငွေ ထူထောင်စီမံခန့်ခွဲရေး၊ တိုင်းနှင့်ပြည်နယ်အသီးသီး၌ ကော်မတီများဖွဲ့စည်းဆောင်ရွက်ရေးနှင့် မသန်စွမ်း အဖွဲ့အစည်းများအနေနှင့် တာဝန်ယူဆောင်ရွက်ရမည်ကိစ္စများ သတ်မှတ်ရေး၊ လက်သင်္ကေတပြ ဘာသာစကားအတွက် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် လိုအပ်သည့် စွမ်းဆောင်ရည်မြှင့်တင်ပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေး … Read more

  • ကမ်းပါးပြိုဘေး ကြိုတင်ပြောင်းရွှေ့ ထောက်ပံ့ပေးနေမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြိ့ုနယ၊် မာန်မြေကျေးရွာအုပ်စု မာန်မြေမြောက်စုကျေးရွာတွင် (၄.၁၂.၂၀၁၇) ရက်နေ့၌ ဧရာဝတီမြစ်ကမ်းပါးပြို၍ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၄)ဦး တို့ကို ကြိုတင်ရွှေ့ပြောင်းပေးခဲ့ရာ မကွေးတိုင်းဒေသကြီး(ကဆရ) ဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀ိ/-)၊ လူ (၁၄) ဦးတိ့ုအတွက် ဆန်ဖိုး (၇) ရက်စာ(၂၉၄၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့အား (၈.၁၂.၂၀၁၇) ရက်နေ့တွင် မြိ့ုနယ်ထွေအုပ်ရုံး၌ ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံကဒွန်‌း‌ကျေးရွာ(အ.ထ.က)ကျောင်းတွင် ဆရာ/ဆရာမများနှင်‌့ ကျောင်‌းသား/ကျောင်‌းသူများ စုစုပေါင်း (၄၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေး၊ ကြိုတင်ကာကွယ်‌‌ရေး အသိပညာ‌ပေး‌ဟော‌ပြောပွဲကျင်‌းပခဲ့ပြီး လက်ကမ်‌းစာ‌စောင်များ၊ ဗွီနိုင်‌းပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events