ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ပုလောမြို့နယ် မီးသတ်ဦးစီးဌာနခန်းမတွင် (၁၃-၁၂-၂၀၁၇) ရက်နေ့ မှ(၁၅.၁၂.၂၀၁၇) ရက်နေ့အထိ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၆/၂၀၁၇)ကို စေတနာ့ဝန်ထမ်းလူငယ်သင်တန်းသား/သူ(၃၀)ဦး၊ ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်း (၂၀)ဦး၊ စုစုပေါင်းသင်တန်းသား (၅၀)ဦး ဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။