ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ကျေးရွာများတွင်နေထိုင်လျှက်ရှိသူများအား ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ရုံးချုပ်)နှင့် ဝန်ထမ်းများသည် (၁၂-၁၂-၂၀၁၇)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်ရန်အုပ်စုရှိ ကျောက်ရန်ကျေးရွာ၊ နနွင်းတူးကျေးရွာ၊ ထိပ်တူးပေါက်ကျေးရွာနှင့် တောင်ရွာကျေးရွာရှိ အိမ်ထောင်စု(၅၉၈)စု၊ လူဦးရေ(၄၃၀၄)ဦးတို့အတွက် ဆန်(၅၉၈)အိတ်၊ ဆီ(၂၉၉၀)ဗူး၊ ဆား(၂၉၉)ပိသာ၊ ပဲ(၅၉၈)ပိသာနှင့် ငါးသေတ္တာ(၈၉၇၀)ဗူးတို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events