ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၇)ရက်နေ့တွင် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ အ.ထ.က (၁)ကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာ ဗွီဒီယိုများပြသခြင်း၊ လက်တွေ့လေ့ကျင့်ခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာများဖြန့်ဝေခြင်းများပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၃၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။