ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇)ရက်တွင် ပေါက်တောမြို့နယ်၊ ကြိမ်နီပြင်စခန်း၌ မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု(၆၀)စုမှ လူဦးရေ(၃၂၆)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ ဆန်ရိက္ခာ(၁)လစာ (၁၀၁)အိတ်နှင့် (၂၁)ပြည်တို့အား (၁၃-၁၂-၂၀၁၇)ရက်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။