Author Archives: Department of Disaster Management
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၄-၄-၂၀၁၈) ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ပျဉ်ထောင်တွင်း ကျေးရွာအုပ်စု၊ ကြို့ပင်ဝိုင်းကျေးရွာ၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အမိုးလန်နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်အား (၁၁-၄-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၇.၄.၂၀၁၈) ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ကံဦးကျေးရွာအုပ်စု၊ ရင်းတိုက်ကွင်းကျေးရွာ၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အမိုးလန်နေအိမ် (၃) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၂၁၅၀၀၀) ကျပ်တို့အား (၁၁-၄-၂၁၀၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ် rescue (ရွှေတောင်) အဖွဲ့တို့ ပူးပေါင်း၍ (၂၆ – ၃ – ၂၀၁၈) ရက်နေ့တွင် ပြည်ခရိုင် ၊ ရွှေတောင် မြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ ရွှေဂူကျေးရွာ၌ ကြံ့ခိုင်မှုအားနည်းသောအိမ်များအား သွပ်နန်းကြိုးများချဉ်ပေးခြင်း၊ အမိုးများမိုးပေးခြင်း၊ အကာအရံများကာပေးခြင်းတို့ ဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင် ကျေးရွာ၌ (၂ – ၄ – ၂၀၁၈) ရက်နေ့တွင် မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံး ရှုံးခဲ့ရသော မီးဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၁) ဦးစာအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀)ကျပ်၊ စုစုပေါင်း (၁၀၂၁၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
(၂၇ – ၃ – ၂၀၁၈) ရက်နေ့တွင် မိုးမောက်မြို့နယ်၊ ဂွယ်ကထောင်ကျေးရွာနှင့် (၅ – ၄ – ၂၀၁၈) ရက်နေ့တွင် မိုးမောက်မြို့နယ်၊ ကျခမ်းဒပ်ကျေးရွာတို့၌ မီးဘေးသင့်မှုဖြစ်ပွား ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၁၀ – ၄ – ၂၀၁၈) ရက်နေ့တွင် မီးဘေးသင့်အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၂) ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပလပ်စတစ်ပုံး (၂) … Read more
-
လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်များကို ပံ့ပိုးကူညီဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ရောက်ရှိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရှိ ဗဟိုသာသနာပြုကျောင်း ဆရာတော်ထံ သို့သွားရောက်ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံးတွင် ဒေသဥက္ကဌ ဦးကျောက်ထယ်ချန် ဦးဆောင်သော ဦးစီး အဖွဲ့များနှင့် တွေ့ဆုံရာ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ပထမဦးစားပေးအနေဖြင့်ဆောင်ရွက်နေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကိုလည်း တပြိုင်တည်းဆောင်ရွက်ပြီဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ၏ ပြည်ထောင်စု၏ … Read more
-
မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှူဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၈) ရက်နေ့တွင် UEHRD စေနာ့ဝန်ထမ်းလူငယ်အစီအစဉ် (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက်အကြား လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဆက်မပြတ်စေရေးအတွက် မောင်တောမြို့နယ် မင်္ဂလာကြီးကျေးရွာအုပ်စု၊ သာဇေကျေးရွာနှင့် မီးကျောင်းတက်ကျေးရွာ၊ ရွာပေါင်း (၂) ရွာမှ အိမ်ထောင်စု (၂၃၂) စု၊ လူဦးရေ (၁၄၉၃) ဦးအား ဆန် (၄၆၆) အိတ်၊ (၁၃) ပြည်၊ (၄) ဘူး၊ ဆီ (၅၅၉.၈၇၅) ပိဿာ၊ ပဲ (၂၂၃၉.၅) ပိဿာ၊ ဆား … Read more
-
ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ အခြေခံစား နပ်ရိက္ခာများ ထောက်ပံ့ပေးနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှူဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၄-၂၀၁၈) ရက်နေ့ တွင် UEHRD “စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်” (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက်အကြား လူသားချင်းစာနာထောက်ပံ့မှုအကူအညီ အဆက်မပြတ်စေရေးအတွက် ဘူးသီးတောင်မြို့နယ် ငါးရံ့ချောင်းကျေးရွာအုပ်စု၊ ပေါက်တောပြင်(ဘင်္ဂါလီ)ကျေးရွာ၊ ပေါက်တောပြင်(ဟိန္ဒူ)ကျေးရွာ၊ ကျီနှတ်သီး(ဘင်္ဂါလီ)ကျေးရွာနှင့် ငါးရံ့ချောင်း(ဘင်္ဂလီ)ကျေးရွာ၊ စုစုပေါင်းကျေးရွာ (၄) ရွာရှိ အိမ်ထောင်စု(၂၂၅)စုမှ လူဦးရေ(၁၂၅၇)ဦးတို့အတွက် အခြေခံစားနပ်ရိက္ခာ (၁)လစာ ဆန်(၃၉၂)အိတ် (၁၉)ပြည်(၄)ဘူး။ ဆီ (၄၇၁.၃၇၅)ပိဿာ။ ပဲ (၁၈၈၅.၅)ပိဿာ။ ဆား (၉၄.၁၇၅)ပိဿာ တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ စင်ပုံကျေးရွာအုပ်စုနှင့် မြောက်ခရမ်းကျေးရွာအုပ်စုတို့တွင် (၁/၂.၄.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ(၆၈)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၄၀၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၂၈၀၀ိ/-) ကျပ်တို့အားလည်းကောင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ယင်းမာကျေးရွာအုပ်စုနှင့် ပြင်သာကျေးရွာအုပ်စုတို့တွင် (၃-၄-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၄၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၈၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၉၀၃၀၀ိ/-)ကျပ် စုစုပေါင်း (၁၂၅၃၁၀၀ိ/)(ကျပ်တစ်ဆယ့်နှစ်သိန်းငါးသောင်းသုံးထောင့်တစ်ရာကျပ်တိတိ) … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၄.၂၀၁၈) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ ပြူတွင်းအုပ်စု ဂဲကြီးသာစည်ကျေးရွာ မီးဘေးသင့် (၁) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀ဝိ)၊ လူဦးရေ (၃x၂၁၀၀) (၆၃၀၀)၊ စုစုပေါင်း (၈၆၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများအား ပြည်သူများလက်ဝယ်သို့ (၇.၄.၂၀၁၈) ရက်နေ့ (၁၀း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
