
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှူဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၈) ရက်နေ့တွင် UEHRD စေနာ့ဝန်ထမ်းလူငယ်အစီအစဉ် (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက်အကြား လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဆက်မပြတ်စေရေးအတွက် မောင်တောမြို့နယ် မင်္ဂလာကြီးကျေးရွာအုပ်စု၊ သာဇေကျေးရွာနှင့် မီးကျောင်းတက်ကျေးရွာ၊ ရွာပေါင်း (၂) ရွာမှ အိမ်ထောင်စု (၂၃၂) စု၊ လူဦးရေ (၁၄၉၃) ဦးအား ဆန် (၄၆၆) အိတ်၊ (၁၃) ပြည်၊ (၄) ဘူး၊ ဆီ (၅၅၉.၈၇၅) ပိဿာ၊ ပဲ (၂၂၃၉.၅) ပိဿာ၊ ဆား (၁၁၁.၉၇၅) ပိဿာအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။