ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၇.၄.၂၀၁၈) ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ကံဦးကျေးရွာအုပ်စု၊ ရင်းတိုက်ကွင်းကျေးရွာ၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အမိုးလန်နေအိမ် (၃) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၂၁၅၀၀၀) ကျပ်တို့အား (၁၁-၄-၂၁၀၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)