ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ အခြေခံစား နပ်ရိက္ခာများ ထောက်ပံ့ပေးနေမှုသတင်း

08 PIC 01

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှူဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၄-၂၀၁၈) ရက်နေ့ တွင် UEHRD “စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်” (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက်အကြား လူသားချင်းစာနာထောက်ပံ့မှုအကူအညီ အဆက်မပြတ်စေရေးအတွက် ဘူးသီးတောင်မြို့နယ် ငါးရံ့ချောင်းကျေးရွာအုပ်စု၊ ပေါက်တောပြင်(ဘင်္ဂါလီ)ကျေးရွာ၊ ပေါက်တောပြင်(ဟိန္ဒူ)ကျေးရွာ၊ ကျီနှတ်သီး(ဘင်္ဂါလီ)ကျေးရွာနှင့် ငါးရံ့ချောင်း(ဘင်္ဂလီ)ကျေးရွာ၊ စုစုပေါင်းကျေးရွာ (၄) ရွာရှိ အိမ်ထောင်စု(၂၂၅)စုမှ လူဦးရေ(၁၂၅၇)ဦးတို့အတွက် အခြေခံစားနပ်ရိက္ခာ (၁)လစာ ဆန်(၃၉၂)အိတ် (၁၉)ပြည်(၄)ဘူး။ ဆီ (၄၇၁.၃၇၅)ပိဿာ။ ပဲ (၁၈၈၅.၅)ပိဿာ။ ဆား (၉၄.၁၇၅)ပိဿာ တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events