
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ စင်ပုံကျေးရွာအုပ်စုနှင့် မြောက်ခရမ်းကျေးရွာအုပ်စုတို့တွင် (၁/၂.၄.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ(၆၈)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၄၀၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၂၈၀၀ိ/-) ကျပ်တို့အားလည်းကောင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ယင်းမာကျေးရွာအုပ်စုနှင့် ပြင်သာကျေးရွာအုပ်စုတို့တွင် (၃-၄-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၄၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၈၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၉၀၃၀၀ိ/-)ကျပ် စုစုပေါင်း (၁၂၅၃၁၀၀ိ/)(ကျပ်တစ်ဆယ့်နှစ်သိန်းငါးသောင်းသုံးထောင့်တစ်ရာကျပ်တိတိ) တို့အား (၄/၆/၇-၄-၂၀၁၈)ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။