(၂၇ – ၃ – ၂၀၁၈) ရက်နေ့တွင် မိုးမောက်မြို့နယ်၊ ဂွယ်ကထောင်ကျေးရွာနှင့် (၅ – ၄ – ၂၀၁၈) ရက်နေ့တွင် မိုးမောက်မြို့နယ်၊ ကျခမ်းဒပ်ကျေးရွာတို့၌ မီးဘေးသင့်မှုဖြစ်ပွား ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၁၀ – ၄ – ၂၀၁၈) ရက်နေ့တွင် မီးဘေးသင့်အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၂) ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပလပ်စတစ်ပုံး (၂) ပုံး၊ Relief Kit (၂) ဖာ ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၅၂၀၀) ကျပ်တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)