Author Archives: Department of Disaster Management
-
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်အတွင်း (၂၉-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျနေအိမ် (၂၆)လုံး၊ အမိုးလန်နေအိမ်(၁၆၈)လုံးရှိ လူဦးရေ (၇၉၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးနှင့် ဆန်ရိက္ခာတန်ဖိုးငွေ စုစုပေါင်း (၆,၄၈၇,၉၀၀) ကျပ်အား (၁-၆-၂၀၁၈) ရက်နေ့တွင် လေဘေးသင့်ပြည်သူများအတွက် မင်းဘူးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ ထောက်ပံ့ငွေအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့ခြင်းနှင့် မုန်တိုင်းဘေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာ၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၅-၂၀၁၈) ရက်နေ့၌ အမာမြို့၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာတွင် တိုက်ခတ်ခဲ့သော လေပြင်းဘေးကြောင့် အိမ်ပြိုမှုဖြစ်ပွားခဲ့ရာ ပြိုလဲအိမ်ခြေ (၄) လုံး၊ ဘေးသင့်အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ်၊ လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၉၉၀၀) ကျပ်တိတိအား (၃၁-၅-၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်ထောက်ပံ့ခဲ့ပြီး ပင်လယ်ကမ်းခြေတွင်နေထိုင်နေသူများ အားမုန်တိုင်းဘေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း … Read more
-
လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့ရသော ရေလုပ်သားများအားထောက်ပံ့မှုသတင်း
(၂၈-၅-၂၁၁၈) ရက်နေ့၌ ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ ဧရာကျေးရွာနေ ဦးဇော်မင်းထွဠ်ပိုင် ငါးဖမ်းရေယာဉ်တစ်စင်းသည် ဘင်္ဂလားပင်လယ်ပြင်တွင် လေပြင်းမိ၍နစ်မြုပ်သွားရာ ထိုရေယာဉ်ပေါ်ပါရေလုပ်သား (၁၈) ဦးအား ဆယ်ယူခဲ့ပြီး ယင်းရေလုပ်သား (၁၈) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (တီရှပ်၊ကျားလုံချည်၊တဘက်) (၃) မျိုးကိုလည်းကောင်း၊ ရေလုပ်သား (၁) ဦးရေနစ်သေဆုံးခဲ့ခြင်းအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်ကိုလည်းကောင်း(၃၁-၅-၂၁၁၈) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူး ရှေ့မှောက်တွင် သက်ဆိုင်ရာဧရာကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်သို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း … Read more
-
ရေနံချောင်းမြို့နယ်လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာ၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ရပ်ကွက်(၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၉) စုတွင် (၂၉-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျအိမ်ခြေ (၂၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀)ကျပ်၊အမိုးလန်နေအိမ် (၂၆၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၂၂၀,၀၀၀) ကျပ်၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၅၀,၀၀၀)၊ လူဦးရေ (၁၂၀၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
(၂၉-၅-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) ချိန်၌ ဘားအံမြို့နယ် အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက် တို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အိမ် (၃) လုံး တစ်စိတ် တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ပြီး လေဘေးသင့်ခံခဲ့ရသော အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၀) ဦးတို့အတွက် အိမ်ထောင်စု (၃) စုစာ ကယ်ဆယ် ရေးပစ္စည်း (၁၁) မျိုး ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၂၅၀၀၀၀) ကျပ်၊ လူဦးရေ … Read more
-
ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၇)၊၂၀၁၈
၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၀၀) နာရီအချိန်တွင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ကုန်းတွင်း မုန်တိုင်းငယ်သတိပေးချက် ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ ======================= (က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ညောင်ဦးမြို့၏ အနောက်မြောက်ဘက် မိုင် (၂၀) ခန့်၊ ပခုက္ကူမြို့၏ အနောက် ဘက် မိုင် (၃၀) ခန့်၊ မြင်းခြံမြို့၏ … Read more
-
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၆)၊၂၀၁၈
(၂၀၁၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန် (၂၃:၃၀) နာရီအချိန် ထုတ်ပြန်ချက်) ======================================================= မုန်တိုင်းငယ်အခြေအနေ ================ (က) ယနေ့မြန်မာစံတော်ချိန် (၂၃:၀၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို အမ်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။ နောက် (၁၂) နာရီအတွင်းခန့်မှန်းချက် ======================= (က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ် (Land … Read more
-
အားကောင်းသော မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၅)၊၂၀၁၈
၂၀၁၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန် (၂၁:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် အားကောင်းသော မုန်တိုင်းငယ်သတိပေးချက် အားကောင်းသော မုန်တိုင်းငယ်အခြေအနေ ========================== (က) ယနေ့မြန်မာစံတော်ချိန် (၂၁:၀၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression) သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို အမ်းမြို့အနီးမှ စတင်ဖြတ်ကျော် ဝင်ရောက်လျက်ရှိပြီး၊ အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။ နောက်(၁၂)နာရီအတွင်းခန့်မှန်းချက် ====================== (က) အဆိုပါ အားကောင်းသော … Read more
-
အားကောင်းသော မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၄)၊ ၂၀၁၈
၁။ ၂၀၁၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် အားကောင်းသော မုန်တိုင်းငယ်သတိပေးချက် အားကောင်းသော မုန်တိုင်းငယ်အခြေအနေ ============================== (က) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက် ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ မာန်အောင်မြို့၏ အနောက်-အနောက်မြောက်ဘက် မိုင်(၄၀)ခန့်၊ စစ်တွေမြို့၏ တောင် … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန် မြို့နယ်၊ တောင်ပို့တစ်ရာကျေးရွာ အုပ်စု၊ ရေလယ်သောင်ကျေးရွာတွင် (၃၀.၄.၂၀၁၈) နှင့် (၂၀.၅.၂၀၁၈) နေ့တို့၌ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၃၅) လုံး၊ အိမ်ထောင်စု (၃၅) စု၊ လူဦးရေ (၁၄၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၅) သိန်း၊ ဆန်ရိက္ခာဖိုး (၂၉၈၂၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၇၉၈၂၀၀) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ … Read more
