ရေနံချောင်းမြို့နယ်လေဘေးထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာ၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ရပ်ကွက်(၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၉) စုတွင် (၂၉-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျအိမ်ခြေ (၂၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀)ကျပ်၊အမိုးလန်နေအိမ် (၂၆၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၂၂၀,၀၀၀) ကျပ်၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၅၀,၀၀၀)၊ လူဦးရေ (၁၂၀၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂,၅၃၀,၅၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉,၁၀၀,၅၀၀) ကျပ်နှင့် အိမ်ထောင်စု (၂၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့်  အိမ်ထောင်စု (၂၆၁) စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၃၁-၅-၂၀၁၈) ရက်နေ့ (၀၂း၃၀) အချိန်တွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw #mgy_may2018Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events