လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန် မြို့နယ်၊ တောင်ပို့တစ်ရာကျေးရွာ အုပ်စု၊ ရေလယ်သောင်ကျေးရွာတွင် (၃၀.၄.၂၀၁၈) နှင့် (၂၀.၅.၂၀၁၈) နေ့တို့၌ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၃၅) လုံး၊ အိမ်ထောင်စု (၃၅) စု၊ လူဦးရေ (၁၄၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၅) သိန်း၊ ဆန်ရိက္ခာဖိုး (၂၉၈၂၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၇၉၈၂၀၀) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁၂) အိမ်ထောင်စာတို့အား (၂၄-၅ -၂၀၁၈) ရက်နေ့တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးဖြစ်ပွားရာနေရာသို့ ကွင်းဆင်းကာ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_rbe#ayy_may2018Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)