လေဘေးထောက်ပံ့ခြင်းနှင့် မုန်တိုင်းဘေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာ၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများသည် (၂၉-၅-၂၀၁၈) ရက်နေ့၌  အမာမြို့၊ ဒေါ်ငြိမ်း‌ကျေးရွာအုပ်စု၊ အောင်လှိုင်‌‌ကျေးရွာတွင် တိုက်ခတ်ခဲ့သော လေပြင်းဘေးကြောင့် အိမ်ပြိုမှုဖြစ်ပွားခဲ့ရာ ပြိုလဲအိမ်‌‌ခြေ (၄) လုံး၊ ဘေးသင့်အိမ်‌‌ထောင်စု (၄) စုအတွက် ကယ်ဆယ်‌‌ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်‌‌ထောင်စုစာ၊ အိမ်‌‌ဆောက်ပစ္စည်းဖိုး‌ငွေ (၄၀၀၀၀၀) ကျပ်၊  လူဦး‌ရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုး‌ငွေ (၃၉၉၀၀) ကျပ်တိတိအား (၃၁-၅-၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ပွားရာ‌ဒေသသို့ သွားရောက်‌‌ထောက်ပံ့ခဲ့ပြီး ပင်လယ်ကမ်း‌ခြေတွင်‌‌နေထိုင်‌‌နေသူများ အားမုန်တိုင်းဘေးလက်ကမ်းစာ‌စောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events