(၂၉-၅-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) ချိန်၌ ဘားအံမြို့နယ် အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက် တို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အိမ် (၃) လုံး တစ်စိတ် တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ပြီး လေဘေးသင့်ခံခဲ့ရသော အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၀) ဦးတို့အတွက် အိမ်ထောင်စု (၃) စုစာ ကယ်ဆယ် ရေးပစ္စည်း (၁၁) မျိုး ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၂၅၀၀၀၀) ကျပ်၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၁၀၀၀) ကျပ်၊ စုစုပေါင်း (၂၇၁၀၀၀) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။
#ha_sgw #krn_may2018Source: ကရင်ပြည်နယ်ဦးစီးမှုးရုံး(ဘစမ)