လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့ရသော ရေလုပ်သားများအားထောက်ပံ့မှုသတင်း

 

(၂၈-၅-၂၁၁၈) ရက်နေ့၌ ဘိုက‌လေးမြို့နယ်၊ ‌ဧရာ‌ကျေးရွာအုပ်‌စု၊ ဧရာ‌ကျေးရွာ‌နေ ဦး‌ဇော်‌မင်းထွဠ်‌ပိုင် ငါးဖမ်း‌ရေယာဉ်တစ်စင်းသည် ‌ဘင်္ဂလားပင်‌လယ်ပြင်တွင် လေပြင်းမိ၍နစ်‌မြုပ်‌သွားရာ ထိုရေယာဉ်ပေါ်ပါရေလုပ်‌သား (၁၈) ဦးအား ဆယ်ယူခဲ့ပြီး ယင်း‌ရေလုပ်သား (၁၈) ဦး အတွက် ကယ်‌ဆယ်ရေးပစ္စည်း (တီရှပ်‌၊ကျားလုံချည်‌၊တဘက်) (၃) မျိုး‌ကိုလည်း‌ကောင်း၊ ရေလုပ်‌သား (၁) ဦးရေနစ်‌သေဆုံးခဲ့ခြင်းအတွက် ထောက်‌ပံ့‌ငွေ (၃၀၀၀၀၀) ကျပ်‌ကိုလည်း‌ကောင်း(၃၁-၅-၂၁၁၈) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများသည် ဘိုက‌လေးမြို့နယ်‌အုပ်‌ချုပ်‌‌ရေးမှူး ရှေ့‌မှောက်‌တွင် သက်‌ဆိုင်‌ရာဧရာ‌ကျေးရွာအုပ်‌ချုပ်‌‌ရေးမှူးလက်‌ဝယ်‌သို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_jun2018Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events