Author Archives: Department of Disaster Management

  • ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၈) ရက်နေ့ တိုက်ကြီးမြို့နယ်အတွင်း  လေပြင်းတိုက်ခတ်မှုကြောင့် အထရောင်ကျေးရွာ၊ ဖလုံရွာမကျေးရွာ၊ ဘိန္ဓောကျေးရွာ၊ ကြို့ချောင်းကျေးရွာ၊ ဂုံညင်းတန်းကျေးရွာ၊ ကလော့သော့ကျေးရွာ စုစုပေါင်းကျေးရွာ(၆)ရွာမှ အမိုးလန်ပျက်စီး အိမ်ခြေ(၂၆)လုံး၊ မိသားစု(၂၆)စု၊ လူဦးရေ(၁၀၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ (၂၆)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁,၁၆၆,၀၀ဝ)၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးထောက်ပံ့ငွေကျပ် (၂၂၂,၆၀ဝ)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁,၃၈၈,၆၀ဝ)အား  (၂-၆-၂၀၁၈)ရက်နေ့တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပွဲအခမ်းအနားပြုလုပ်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကင်ဆားရာရပ်ကွက်၊ အာစီဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအရ ပြောင်း ရွေ့ရောက်ရှိလာသော ခေတ္တခဏနေရပ်စွန့်ခွာ အိမ်ထောင်စု (၉၂)မှ  လူဦးရေ (၄၀၈) ဦးတို့အတွက်  ဆန် (၁၂၇)အိတ် (၁၂) ပြည် ၊ ဆီ (၁၈၄) ပိဿာ၊ ဆား (၉၂) ပိဿာ၊ ပဲ (၁၈၄)ပိဿာ၊ ငွေကျပ်(၅,၀၆၇,၀၀၀)ကျပ်တန်ဖိုးရှိ ဆန်၊ဆီ၊ဆား၊ပဲ (၁) လစာကို (၂-၆-၂၀၁၈) ရက်နေ့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး  ဒေါက်တာဂျေကော့ဘူနှင့် … Read more

  • ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၁၈)ရက်နေ့  (၁၄:၀၀)နာရီမှ (၁၅:၃၀) နာရီအချိန်ထိ ကျိုင်းတုံ မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ စွန်တောင်းဘုရားတွင် တက်ရောက်သူ (၁၀၀) ဦးအား ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ရာသီဥတုပြောင်းလဲလာမှုနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များအကြောင်းကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောရာတွင် ငလျင်နှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ဆောင်ရန်/ရှောင်ရန်များ၊ နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်းများအားလည်းကောင်း၊ မီးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခဲ့သည့်အပြင် … Read more

  • မွန်ပြည်နယ်ဦးစီးမှူးရုံးမှ အဝီစိတွင်းတူးဖော်ခြင်းနှင့် အုတ်ရေကန်ဆောက်လုပ်ခြင်းဖွင့်ပွဲအခမ်းအနားပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် မော်လမြိုင်မြို့၊ လှိုင်နယ်မြေ၊ ရွှေပြည်စိုးရပ်ကွက် (၃)လမ်းထောင့်၌ အဝီစိတွင်းတူးဖော်ခြင်းနှင့် ရေဂါလန် (၂၀၀၀) ဆန့် အုတ်ရေကန်ဆောက်လုပ်ခြင်း ဖွင့်ပွဲအခမ်းအနားအား (၃-၆-၂၀၁၈)တွင် ကျင်းပပြုလုပ်ခဲ့ရာ ထိုအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေက အဝီစိတွင်းနှင့် ရေကန်ဆောက်လုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး အခမ်းအနားအားဖဲကြိုးဖြတ်၍ဖွင့်လှစ်ခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အမျိုးသားလွှတ်တော်ဦးအေးမင်းဟန်အပါအဝင် ရပ်ကွက်နေပြည်သူ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ (၂-၆-၂၀၁၈) ရက်နေ့နံနက် (၁၀:၀၀)အချိန်မှ (၁၁:၀၀)အချိန်ထိ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ရာ လူဦးရေ စုစုပေါင်း (၄၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

  • လားရှိုးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၆-၂၀၁၈)ရက်နေ့ (၁၁း၀၀)နာရီမှ(၁၂း၀၀)နာရီအထိ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာ၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ကိုယ်အားကိုယ်ကိုးစာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာများ ဟောပြောပို့ချခြင်းနှင့် ဆောင်ရန်/ရှောင်ရန်အချက်များဟောပြောပို့ချခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ များနှင့် ကျောင်းသားမိဘများ စုစုပေါင်းလူဦးရေ (၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၈)ရက်နေ့ (၁၃း၁၅) ချိန်တွင် လှိုင်းဘွဲမြို့နယ်၊ တခွက်ဖိုး ကျေးရွာ နှင့် ကမော့လဲ(ကျောင်း) ကျေးရွာတို့၌ လည်းကောင်း၊ (၃၀-၅-၂၀၁၈) ရက်နေ့ (၁၁း၃၅) ချိန်တွင် လှိုင်းဘွဲမြို့နယ် ကိုမောင်ကျေးရွာအုပ်စု၊ကျေးရွာ(၃) ရွာတို့၌လည်းကောင်း လေပြင်း တိုက်ခတ်မှုများဖြစ်ပွားခဲ့ရာ နေအိမ်(၁၂)လုံး  တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁၂)စု   ဘေးဒုက္ခခံစားခဲ့ရသဖြင့် အဆိုပါ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၁)မျိုး၊  အိမ်ထောင်စု(၁၂) စုစာ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁၂) လုံးအတွက် ထောက်ပံ့ငွေကျပ် (၅၄၉,၀၀၀)တို့အား  (၁-၆-၂၀၁၈) ရက်နေ့တွင် သွားရောက် … Read more

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ လေဘေးထောက်ပံမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာ၊ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးမှုအတွက် ကျောင်းဆောက်ပစ္စည်းအလှူငွေ (၅၀,၀၀၀)ကျပ် အား(၁-၆-၂၀၁၈)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မအူပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် (ကျွဲဒုံး/ရွှေလှေသောင်/ကျုံနက္ကော်)ကျေးရွာအုပ်စုတို့၌ (၁၇-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျနေအိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၆၀၀,၀၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၈၅၀,၀၀ဝ) ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊  လူဦးရေ (၈၈) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၁၈၄,၈၀ဝ) ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၆၃၄,၈၀ဝ) ကျပ် အားလည်းကောင်း မအူပင်မြို့နယ် (ပံတပွတ်/ဝါးတော/ကျုံပါး/ ပေကုန်း/ မင်းဘော)ကျေးရွာအုပ်စုတို့၌ (၂၉-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် … Read more

  • မြဝတီခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗန္ဓလလမ်းအတွင်းရှိ မန်ကျည်းပင်ဟောင်း ပြိုလဲခဲ့ရာ ထိခိုက်ပျက်စီးအိမ်ခြေ (၄)လုံးတွင် လုံးဝပျက်စီးအိမ်ခြေ (၂)လုံးအတွက် (၄၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၂)လုံးအတွက် (၁၀၀,၀၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၀၀,၀၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၄)အိမ်ထောင်စာအား (၁-၆-၂၀၁၈)ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events