ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၈)ရက်နေ့ (၁၃း၁၅) ချိန်တွင် လှိုင်းဘွဲမြို့နယ်၊ တခွက်ဖိုး ကျေးရွာ နှင့် ကမော့လဲ(ကျောင်း) ကျေးရွာတို့၌ လည်းကောင်း၊ (၃၀-၅-၂၀၁၈) ရက်နေ့ (၁၁း၃၅) ချိန်တွင် လှိုင်းဘွဲမြို့နယ် ကိုမောင်ကျေးရွာအုပ်စု၊ကျေးရွာ(၃) ရွာတို့၌လည်းကောင်း လေပြင်း တိုက်ခတ်မှုများဖြစ်ပွားခဲ့ရာ နေအိမ်(၁၂)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁၂)စု ဘေးဒုက္ခခံစားခဲ့ရသဖြင့် အဆိုပါ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၁)မျိုး၊ အိမ်ထောင်စု(၁၂) စုစာ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁၂) လုံးအတွက် ထောက်ပံ့ငွေကျပ် (၅၄၉,၀၀၀)တို့အား (၁-၆-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။