မအူပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံမှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် (ကျွဲဒုံး/ရွှေလှေသောင်/ကျုံနက္ကော်)ကျေးရွာအုပ်စုတို့၌ (၁၇-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျနေအိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၆၀၀,၀၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၈၅၀,၀၀ဝ) ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊  လူဦးရေ (၈၈) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၁၈၄,၈၀ဝ) ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၆၃၄,၈၀ဝ) ကျပ် အားလည်းကောင်း မအူပင်မြို့နယ် (ပံတပွတ်/ဝါးတော/ကျုံပါး/ ပေကုန်း/ မင်းဘော)ကျေးရွာအုပ်စုတို့၌ (၂၉-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေးဘေးကြောင့် ပြိုကျနေအိမ် (၆)လုံးအတွက်  ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၁၈)လုံးအတွက် ကယ်ဆယ်ရေပစ္စည်း (၁၀)မျိုး   အား လည်းကောင်း (၁-၆-၂၀၁၈) ရက်နေ့ တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events