ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၁၈)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၃၀) နာရီအချိန်ထိ ကျိုင်းတုံ မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ စွန်တောင်းဘုရားတွင် တက်ရောက်သူ (၁၀၀) ဦးအား ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ရာသီဥတုပြောင်းလဲလာမှုနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များအကြောင်းကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောရာတွင် ငလျင်နှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ဆောင်ရန်/ရှောင်ရန်များ၊ နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်းများအားလည်းကောင်း၊ မီးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခဲ့သည့်အပြင် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။