ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗန္ဓလလမ်းအတွင်းရှိ မန်ကျည်းပင်ဟောင်း ပြိုလဲခဲ့ရာ ထိခိုက်ပျက်စီးအိမ်ခြေ (၄)လုံးတွင် လုံးဝပျက်စီးအိမ်ခြေ (၂)လုံးအတွက် (၄၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၂)လုံးအတွက် (၁၀၀,၀၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၀၀,၀၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၄)အိမ်ထောင်စာအား (၁-၆-၂၀၁၈)ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။