မွန်ပြည်နယ်ဦးစီးမှူးရုံးမှ အဝီစိတွင်းတူးဖော်ခြင်းနှင့် အုတ်ရေကန်ဆောက်လုပ်ခြင်းဖွင့်ပွဲအခမ်းအနားပြုလုပ်မှုသတင်း

3 pic_01 3 pic_02 3 pic_03 3 pic_04 3 pic_05

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် မော်လမြိုင်မြို့၊ လှိုင်နယ်မြေ၊ ရွှေပြည်စိုးရပ်ကွက် (၃)လမ်းထောင့်၌ အဝီစိတွင်းတူးဖော်ခြင်းနှင့် ရေဂါလန် (၂၀၀၀) ဆန့် အုတ်ရေကန်ဆောက်လုပ်ခြင်း ဖွင့်ပွဲအခမ်းအနားအား (၃-၆-၂၀၁၈)တွင် ကျင်းပပြုလုပ်ခဲ့ရာ ထိုအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေက အဝီစိတွင်းနှင့် ရေကန်ဆောက်လုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး အခမ်းအနားအားဖဲကြိုးဖြတ်၍ဖွင့်လှစ်ခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အမျိုးသားလွှတ်တော်ဦးအေးမင်းဟန်အပါအဝင် ရပ်ကွက်နေပြည်သူ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events