Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၇-၂၀၁၈) ရက်နေ့ နံနက် (၀၉း ၀၀) နာရီ မှ( ၁၁း၃၀) နာရီ အထိ မိုင်းယန်းမြို့နယ်၊ အ.လ.က ဈေးတန်းလေးကျောင်းတွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့တက်ရောက်သူ (၁၅၀) ဦးအား ငလျင်ဘေးနှင့် အခြားဘေးများ အကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #simex_eqk #shn_jul2018

  • ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျေးရွာ၌ (၁၉-၇-၂၀၁၈) ရက်နေ့၊ (၁၁း၁၀) အချိန်တွင် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်နိုင်သည့် နေအိမ်များအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၂) လုံးမှ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး (၂) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး … Read more

  • လေဘေးထောက်ပံ့မှုသတင်း

        ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ခင်ရှည်ကျေးရွာအုပ်စု၊ ခင်ရှည်(တ)ကျေးရွာ၊ ထန်းတပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ၊ ရှားတော ကျေးရွာ၊ သရက်တောကျေးရွာ၊ ချောင်းကူးကျေးရွာအုပ်စု၊ ချောင်းကူးကျေးရွာနှင့် ရေဖြူကျေးရွာ အုပ်စု၊ ခုံသာတောတိုက်တို့တွင် (၁၈/၁၉-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၅၃)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၁၁,၃၀၀)ကျပ်၊ စုစုပေါင်း (၅၆၁,၃၀၀) (ကျပ်ငါးသိန်း ခြောက်သောင်း တစ်ထောင့်သုံးရာတိတိ)တို့အား (၂၀-၇-၂၀၁၈)ရက်နေ့တွင် ပေါက်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး … Read more

  • တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် ရေကြီး ရေလျှံမှုအခြေအနေနှင့် ထောက်ပံ့ကူညီမှုအခြေအနေ

        တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် ကျေးရွာ၊ ရပ်ကွက်များအတွင်း ရေများ၀င်ရောက်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ (၂၀-၇-၂၀၁၈)နေ့ အခြေအနေအရ တနင်္သာရီမြို့နယ်တွင် အိမ်ထောင်စု(၇၀၀)ခန့်၊ လူဦးရေ(၃၅၀၀)ကျော်ခန့်တို့ကိုလည်းကောင်း၊ ပုလောမြို့နယ်တွင် အိမ်ထောင်စု (၁၂၀)ခန့်၊ လူဦးရေ(၅၉၀)ခန့်တို့ကို လည်းကောင်း စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းများနှင့် နီးစပ်ရာဆွေမျိုးနေအိမ်များသို့ ခေတ္တပြောင်းရွှေ့ပေးခဲ့ ရပါသည်။ အဆိုပါ ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် … Read more

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ကျင်းပပြုလုပ်မှုသတင်း

      ၂၀-၇-၂၀၁၇ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး ထိန်းသိမ်းမြေ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို စိုက်ပျိုးပေးပြီး အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် အပင်များနှင့် အရိပ်ရပင်များဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ မဟောဂနီပင်များကို သတ်မှတ် နေရာများတွင် စိုက်ပျိုး ကြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သတ်မှတ်နေရာများတွင် ဝန်ထမ်းများ သစ်ပင် စိုက်ပျိုး … Read more

  • မြစ်ရေကြီးခြင်း သတိပေးချက်

    ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေ မှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။ Source: DMH

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးသည် (၁၈-၇-၂၀၁၈)ရက်နေ့ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာ၊ မန်ကျန်ကျေးရွာ၊ နမ့်ဆီလင်းကျေးရွာ၊ မန်ဆာကျေးရွာ၌ လတ်တလောထိတွေ့မှုများကြောင့် ချောင်းဆာကျေးရွာအုပ်စု၊ မန်လီကျေးရွာ မန်လီဘုန်းတော်ကြီးကျောင်း သို့ရောက်ရှိလာသည့် တိုက်ပွဲရှောင်အိမ်ထောင်စု(၁၆၀)စု၊ လူဦးရေ (၆၆၅) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု (၁၆၀) စုစာနှင့် ဆန်ဖိုး (၁,၃၉၆,၅၀၀)တို့အား နမ္မတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် (၂၀-၇-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source:လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_otr #shn_jul2018

  • မြစ်ကြီးနားမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ နယ်မြေ(၅)တွင်(၁၇ – ၇ – ၂၀၁၈) ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သည့် မီးဘေးတွင် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ (၂) ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး (၄,၂၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်စုစုပေါင်း (၂၀၄,၂၀၀) ကျပ်တို့အား (၂၀-၇-၂၀၁၈) ရက်နေ့ (၁၅း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၇.၂၀၁၈)ရက်နေ့ (၀၅း၀၀) အချိန်၌ လယ်ဝေးမြို့နယ်အတွင်း တောင်ကျရေများပြီး ပတ္တာချောင်းရေမြင့်တက်တိုက်စားလာမှုကြောင့် ကူသပိတ်ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာတွင် ကမ်းပါးများပြိုကျမှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၁) လုံး ကြိုတင်ပြောင်းရွှေ့ခြင်းအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ဖိုးငွေ (၆,၃၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၆,၃၀၀) ကျပ်နှင့် (၁၈,၆၆၀) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၁)အိမ်ထောင်စာတို့အား … Read more

  • ဟင်္သာတမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ (၁၈-၇-၂၀၁၈) ရက်နေ့တွင် တလုထ္ထော် ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ အညာတန်းကျေးရွာ၊ သရက်အုပ်ကျေးရွာအုပ်စု၊ သရက် အုပ်ကြီးကျေးရွာများ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲပျက်စီးသောသော အိမ်ခြေ (၁) လုံးနှင့် တစ်စိတ် တစ်ပိုင်း ပျက်စီးသောအိမ်ခြေ(၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်း (၂၅၀,၀၀၀)ကျပ် လေဘေးသင့်လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၃၇,၈၀၀) … Read more

Sign Up

Upcoming Events