ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း

 

21 pic-02 21pic-01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျေးရွာ၌ (၁၉-၇-၂၀၁၈) ရက်နေ့၊ (၁၁း၁၀) အချိန်တွင် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်နိုင်သည့် နေအိမ်များအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ

ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၂) လုံးမှ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး (၂) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၈,၄၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း (၂၀၈,၄၀၀ိ/-) ကျပ်အား (၂၀-၇-၂၀၁၈) ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ညောင်ဇောက်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

#ha_rbe

#mgy_july2018

Source:         ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events