Author Archives: Department of Disaster Management
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာ၌ (၁၆-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် နေအိမ် (၁) လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် (၂၆-၇-၂၀၁၈) ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁) သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းကျေးရွာအုပ်စု ၊ သောင်ပြင်ကုန်းကျေးရွာ၌ (၂၃-၇-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀ိ/-) ကျပ်အား (၂၆-၇-၂၀၁၈) ရက်နေ့တွင် ပြည်သူများကိုယ်စား ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_july2018 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကိုင်းကြီးအုပ်စု၊ ကိုင်းကြီးကျေးရွာ၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် ဘူးရိုးချောင်းရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကြိုတင် ပြောင်းရွှေ့နေအိမ် (၃)လုံးအားလည်းကောင်း၊ ဆင်တဲအုပ်စု၊ စမ်းပေါက်ချောင်းကျေးရွာ၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၂) လုံး အားလည်းကောင်း စုစုပေါင်း ကြိုတင်ပြောင်းရွှေ့နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀ိ/-) ကျပ်အား (၂၆-၇-၂၀၁၈) ရက်နေ့ နေ့လည် (၁၄း၀၀) နာရီအချိန်တွင် … Read more
-
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၁၈) ရက်နေ့တွင် လွိုင်ကော်အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာလုပ်ငန်းသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခဲ့ပြီး၊ တက်ရောက်လာသူ သင်တန်းသူ (၈၀) ဦးအားလက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_july2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးကြိုးထိမှန်၍ သေဆုံးသူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာတွင် နေထိုင်သော မဖြူစင်ဦး၊ အသက် (၂၂) သည် (၂၂-၇-၂၀၁၈) ရက်နေ့တွင် နေအိမ်ရှေ့၌ မိုးရေခံနေစဉ် မိုးကြိုးထိမှန်၍ သေဆုံးသွားသဖြင့် (၂၆-၇-၂၀၁၈) ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ygn_july2018 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း
(၂၂-၇-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့နယ်၌ ကယ်ဆယ်ရေးစခန်း (၈) ခုဖွင့်လှစ်၍ အိမ်ထောင်စု (၉၂၂) စု၊ လူဦးရေ (၄,၈၄၃) ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၇-၂၀၁၈) ရက်နေ့တွင် အဆိုပါပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀,၁၇၀,၃၀၀ိ/-) ကျပ်အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_july2018 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီးအတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာအုပ်စုနှင့် ညောင်ကျေးရွာအုပ်စုတို့၌ (၁၇-၇-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၂) လုံး၊ နေအိမ်အဆောင် (၅) လုံး၊ အိမ်ထောင်စု (၅၅) စုမှ လူဦးရေ (၂၁၅) ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၅၁,၅၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀၁,၅၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ အောင်မိုးဟိန်းကျေးရွာ၌ (၂၀-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီး နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၈၀,၀၀၀) ကျပ်အား (၂၃-၇-၂၀၁၈) ရက်နေ့၊ ညနေ (၁၅း၃၀) အချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲကြောင်း သတင်းရရှိ ပါသည်။ #ha_sgw #bgo_july2018 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြစ်ရေကြီးမှုအခြေအနေသတင်း
(၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်ထုတ်ပြန်ချက်) စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ပေဝက်ခန့်၊ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် နေပြီး နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂) ပေခွဲခန့်၊ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး … Read more
-
လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ ကာဒီကျေးရွာအုပ်စု ၊ ကာဒီကျေးရွာ၌ (၂၁-၇-၂၀၁၈) ရက်နေ့၊ နေ့လယ် (၁၁း၀၀) အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီး နေအိမ် (သွပ်မိုး၊ဓနိမိုး၊သွပ်ကာ၊ဝါးထရံကာ) (၃) လုံး၊ အိမ်ထောင်စု (၃) စုဘေးသင့်ခဲ့ရာ ဘေးသင့် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ ၊ တန်ဖိုး (၃၇,၅၃၀ိ/-) ကျပ်အားလည်းကောင်း၊ … Read more
