(၂၂-၇-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့နယ်၌ ကယ်ဆယ်ရေးစခန်း (၈) ခုဖွင့်လှစ်၍ အိမ်ထောင်စု (၉၂၂) စု၊ လူဦးရေ (၄,၈၄၃) ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၇-၂၀၁၈) ရက်နေ့တွင် အဆိုပါပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀,၁၇၀,၃၀၀ိ/-) ကျပ်အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#krn_july2018
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)