Author Archives: Department of Disaster Management

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

          (၂၉-၇-၂၀၁၈)ရက်နေ့တွင် ကျိုက်မရောမြို့နယ်အတွင်း အတ္တရံမြစ်ရေဝင်ရောက်မှုကြောင့် ရန်မျိုးအောင် ရပ်ကွက်ရှိ ရသေ့ကျောင်းကယ်ဆယ်ရေးစခန်းနှင့် ကော့ဝမ်းကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ ကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု(၅၇)စု၊ လူဦးရေ (၂၃၄) ဦးအတွက် (၇) ရက်စာဆန်းဖိုးငွေ ( ၄၉၁,၄၀၀) ကျပ်အား (၃၀-၇-၂၀၁၈) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon_jul2018

  • ကော့သောင်းမြို့နယ်အတွင်း မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

        (၃၀- ၇- ၂၀၁၈) ရက် (၇:၄၅)အချိန်တွင် ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာတွင် မြေပြိုမှုများဖြစ်ပွားခဲ့ရာ အဆိုပါဘေးကြောင့် ထိခိုက်ခဲ့သော ဘေးသင့် အိမ်ထောင်စု(၅)စု အား ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးစီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက  (၃၀-၇ -၂၀၁၈) ရက် (၁၆:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #tny_jul2018

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၇-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီမှ (၁၁း၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ အကျဉ်းဦးစီးဌာန၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ကျင်းပခဲ့ရာ အဆိုပါဟောပြောပွဲ၌ ဝန်ကြီးဌာန၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းတာဝန်များ၊  သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေများ၊ မြန်မာနိုင်ငံတွင် ယခု လက်ရှိဖြစ်ပေါ်နေသော ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေးနှင့် ငလျင်ဘေးအန္တရာယ်တို့နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို အဓိက ဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်အတွင်း နေထိုင်ရမည့်အနေအထားများကို လက်တွေ့ပြသခြင်း၊ အသိပညာပေးဗွီဒီယိုများ ပြသခြင်း … Read more

  • မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်နေမှုသတင်း

    မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၈.၈.၂၀၁၈) ရက်နေ့၊ နံနက် (၉) နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၌ ကျင်းပလျက်ရှိပြီး အဆိုပါအစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ပြီး လက်ရှိဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ထပ်မံဆောင်ရွက် ပေးရန်ရှိသည်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။   #vp #npw_jul2018 Source – … Read more

  • ရေဘေးရှောင်စခန်း၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှတာဝန်ရှိသူများသည် (၂၅.၇.၂၀၁၈) ရက်နေ့၊ ည (၁၉း၀၀) နာရီအချိန်တွင် မြဝတီမြို့၊ ကျွန်းတောရေဘေးရှောင်စခန်းရှိ ပြည်သူများထံသို့ သွားရောက်အားပေးနှစ်သိမ့်ပေးခြင်းနှင့် ဘုရားကြီးဘုန်းကြီးကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ရေပူ)နှင့် သာသနာ့ဝေပုလ္လရေဘေးရှောင်စခန်းများရှိ ရေဘေးသင့် အိမ်ထောင်စု (၄၇) စုမှ လူဦးရေ (၁၉၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၀၅,၃၀၀ိ/-) ကျပ်နှင့် ကြက်ဥ (၂၃၅) လုံး၊ ရေသန့် (၃၈၆) … Read more

  • ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်း

    စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန်တွင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၌ (၅) ပေခွဲခန့်၊ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၄) ပေခွဲခန့်၊ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၂) ရက်အတွင်း (၁) ပေခန့် … Read more

  • ကယ်ဆယ်ရေးစခန်း၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၇-၂၀၁၈) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း (၃) ခုမှ ရေဘေးသင့်ပြည်သူ ထပ်တိုးအိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၅၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၂၁,၈၀၀ိ/-) ကျပ်အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_july2018 Source:         ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာတို့၌ (၂၃-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောရေဘေးကြောင့်  ပြောင်းရွှေ့အိမ်ခြေ (၉၄) အိမ်၊ အိမ်ထောင်စု (၁၀၃) စုမှ လူဦးရေ (၃၃၀) ဦးတို့အတွက် (၁) ဦးလျှင် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂,၁၀၀ိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၆၉၃,၀၀၀ိ/-) ကျပ်အား (၂၆-၇-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတာဝန်ရှိသူများ၊ … Read more

  • ကယ်ဆယ်ရေးစခန်း၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၂၆-၇-၂၀၁၈) ရက်နေ့တွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများဖြစ်သော မိုးကုတ်ဓမ္မရိပ်သာ၊ မြို့ဦးကျောင်းတိုက်၊ ကသစ်ဝိုင်ဓမ္မရိပ်သာတို့၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများနှင့် ကျေးရွာ (၃) ရွာမှ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများ စုစုပေါင်းလူဦးရေ (၆၂၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ စုစုပေါင်းထောက်ပံ့ငွေ (၁,၃၀၆,၂၀၀ိ/-) ကျပ်အား အဆိုပါစခန်းများသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပြီး အားပေးစကားပြောခြင်း၊ ရေဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း စသည်တို့ကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလူဦးရေစာရင်းမှာ (၂၅-၇-၂၀၁၈) … Read more

  • သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၆-၇-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်မှ (၁၆း၃၀) နာရီအချိန်ထိ မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် သင်တန်းသား/ သူများအား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူ များအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ar #ayy_july2018 Source:         မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events