သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း

28Pic_01 28Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၇-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီမှ (၁၁း၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ အကျဉ်းဦးစီးဌာန၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ကျင်းပခဲ့ရာ

အဆိုပါဟောပြောပွဲ၌ ဝန်ကြီးဌာန၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းတာဝန်များ၊  သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေများ၊ မြန်မာနိုင်ငံတွင် ယခု လက်ရှိဖြစ်ပေါ်နေသော ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေးနှင့် ငလျင်ဘေးအန္တရာယ်တို့နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို အဓိက ဟောပြောခဲ့ပြီး

ငလျင်လှုပ်ခတ်နေစဉ်အတွင်း နေထိုင်ရမည့်အနေအထားများကို လက်တွေ့ပြသခြင်း၊ အသိပညာပေးဗွီဒီယိုများ ပြသခြင်း နှင့် တက်ရောက်ပြည်သူ စုစုပေါင်း (၅၅) ဦးတို့အား ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#shn_july2018

Source:         ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events