Author Archives: Department of Disaster Management
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၁-၈-၂၀၁၈) ရက်နေ့ နေ့လည် (၁၂၀၀)အချိန်တွင် မြောက်ဦးမြို့နယ်၊ အလယ်ချောင်း ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာ အခြေခံပညာမူလတန်းလွန်စာသင်ကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ခရိုင်ဦးစီးမှူးမှ မိုးကြိုးဘေးအပါအဝင် သဘာဝဘေးနှင့် ပတ်သက်၍ဆောင်ရန် /ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးမှ မီးဘေးအန္တရာယ်အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးမှူးမှ ကြိုတင်သတိပေးစနစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသူ/သားများနှင့် ကျေးရွာသူ/သား … Read more
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့် အဖွဲ့ကရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
သြဂုတ် ၁၀ ၊ နေပြည်တော် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှ တာဝန်ရှိသူများနှင့်လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူIUEHRD အားဖွဲ့စည်းထားရှိပြီးလုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့ဖြင့် စီမံကိန်းများဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်များအတိုင်းစီစဉ်ဆောင်ရွက်ထားပြီး ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်နေမှုများ၊ ပြန်လည်လက်ခံရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးအားတည်ဆဲပဒေများနှင့်အညီဆောင်ရွက်နေသည့်ကိစ္စများ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့၏ အကူအညီဖြင့် … Read more
-
နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၈-၂၀၁၈) ရက်နေ့တွင် (၁၅၃၀)နာရီမှ (၁၆၄၅) နာရီအချိန်ထိတပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သော လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်း(၁၁၀)ဦးတို့အား သဘာဝဘေး အန္တရာယ်ဆိုင်ရာသင်ခန်းစာများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် သဏ္ဍာန်တူလေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီ၊ မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၀-၈-၂၀၁၈) ရက်နေ့တွင် (၁၃၃၀) မှ (၁၅၀၀) နာရီအချိန်ထိ တပ်ကုန်း အ-ထ-က (၂) ကျောင်းတွင်ကျောင်းသား/သူ (၃၆၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေး နွေးဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီ မြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြသော ပြည်သူများအား ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ရေပြန်ကျပြီးသည့်နောက် ဆောင်ရွက်ရမည့်အချက်အလက်များကို အသိပညာပေးခြင်းနှင့် ကျေးရွာများရှိကယ်ဆယ်ရေးစခန်းများအတွက် ရေဘေးလက်ကမ်းစာစောင်များအား (၁၁-၈-၂၀၁၈) နေ့တွင်ကွပ်ကဲရေးစခန်းသို့သွားရောက်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလောမြို့၊ အ.လ.က (၁) ၌ (၉-၈-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်း တွင် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမနှင့် ကျောင်းသား/သူပေါင်း (၅၀၀) ခန့်တက်ရောက်ခဲ့၍ တက်ရောက်လာသူများအား ငလျင်ဘေးအပါအဝင် အခြားသော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲပြီး အသိပညာပေး ဗွီဒီယိုပြသခြင်း တို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_aug2018
-
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ထီးကလူဒေါကျေးရွာ၌ (၂-၈-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ပြည်သူ (၇၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #kyh_aug2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရခိုင်ပြည်နယ်ဆိုင်ရာ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
၈-၈-၂၀၁၈၊ နေပြည်တော် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၏ အဓိကလုပ်ငန်း(၂)ရပ်ဖြစ်သော ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်း များသည် ကြီးမားသောလုပ်ငန်းများဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြန်လည်လက်ခံရန်အသင့်ဖြစ်နေပြီဖြစ် ကြောင်း၊ ပါဝင်ဆောင်ရွက်မည့်သူများအနေဖြင့် … Read more
-
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပျော့ပြီး သစ်ပင်ပြိုလဲ၍ ပျက်စီးခဲ့သောနေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တော ကျေးရွာအုပ်စု၊ ရေသပြာကျေးရွာ၌ (၅-၈-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပျော့ပြီး သစ်ပင်ပိ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀,၀၀၀/-) ကျပ်အား (၈-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_aug2018 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ကျိုင်းတုံမြို့၌ (၇-၈-၂၀၁၈) ရက်နေ့တွင် (၀၉း၀၀) အချိန်မှ (၁၂း၃၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်း သားဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ပြည်နယ်မှူးများက ဦးဆောင်ဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ၌ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ INGO၊ NGO၊ CSO အဖွဲ့အစည်းများမှ စုစုပေါင်းအင်အား (၇၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန် သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_ … Read more
