လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီ၊ မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၀-၈-၂၀၁၈) ရက်နေ့တွင် (၁၃၃၀) မှ (၁၅၀၀) နာရီအချိန်ထိ တပ်ကုန်း အ-ထ-က (၂) ကျောင်းတွင်ကျောင်းသား/သူ (၃၆၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေး နွေးဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။