လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီ မြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြသော ပြည်သူများအား ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ရေပြန်ကျပြီးသည့်နောက် ဆောင်ရွက်ရမည့်အချက်အလက်များကို အသိပညာပေးခြင်းနှင့် ကျေးရွာများရှိကယ်ဆယ်ရေးစခန်းများအတွက် ရေဘေးလက်ကမ်းစာစောင်များအား (၁၁-၈-၂၀၁၈) နေ့တွင်ကွပ်ကဲရေးစခန်းသို့သွားရောက်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။