လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၁-၈-၂၀၁၈) ရက်နေ့ နေ့လည် (၁၂၀၀)အချိန်တွင် မြောက်ဦးမြို့နယ်၊ အလယ်ချောင်း ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာ အခြေခံပညာမူလတန်းလွန်စာသင်ကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ခရိုင်ဦးစီးမှူးမှ မိုးကြိုးဘေးအပါအဝင် သဘာဝဘေးနှင့် ပတ်သက်၍ဆောင်ရန် /ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးမှ မီးဘေးအန္တရာယ်အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးမှူးမှ ကြိုတင်သတိပေးစနစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသူ/သားများနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား သဘာဝဘေး (၈)မျိုး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။