လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ကျိုင်းတုံမြို့၌ (၇-၈-၂၀၁၈) ရက်နေ့တွင် (၀၉း၀၀) အချိန်မှ (၁၂း၃၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်း သားဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ပြည်နယ်မှူးများက ဦးဆောင်ဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲ၌ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ INGO၊ NGO၊ CSO အဖွဲ့အစည်းများမှ စုစုပေါင်းအင်အား (၇၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန် သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_ aug2018
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)